အမောက်

ခေတ်ဆန်လွန်းတဲ့ ခင်လေးမေတို့ရယ် ဟာဗဒါနဲ့ ဆာဂျင်တွဲလို့ ချစ်ခန်းဖွင့်ကာ တကယ့်ကိုနေတယ် ခေါင်းပေါ်က အမောက်ကြီး ကျီးငှက်သိုက်လို ပွေလိမ်ရှုတ်တယ်……….

ရပ်ရွာထဲက အော့ကြောလန်ကြတယ် မူမမှန် အမျိုးမစစ် တကယ်ဆိုးညစ်တဲ့ အကျင့်ကို ယူတယ် တွေ့ကရာ အကုန်ငြိ အရှက်မရှိလို့သာ မာယာများတယ်…..

ကိုကိုဂျော်နီရယ် ပွေ့ဖက်ပြီးတော့ မေ့ကို ကြည်စယ်တယ် ဘီယာ ပီကေရယ် ချောကလက် ဘီစကစ် ချစ်တဲ့သူပါကွယ် ဂျစ်ပေါ်မှာ တူယှဉ်တွဲ နွဲ့တဲ့လာရှင်မယ် ပိတ်အုပ်ကို သူဆွယ် ပျော်ကာရယ် မော်ကာရယ် ပလေးယား မုတ်ဆိတ် ဂိုလ်းဖလိတ်ကိုခင်တွယ်………။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။