ချစ်အဏ္ဏဝါ

မေတ္တာသဘောနဲ့ ဖွင့်ပြောလိုက်ချင်တယ် လောကသံသရာ နှစ်ဖြာသော ချစ်သဒ္ဓါကြွယ် လေးကျွန်းမြင်းမိုရ် ဒီပါဆုံးတိုင် မမုန်းနိုင်စေကြောင်းနဲ့ ပေါင်းဖက်မယ် တောင်းဆုပန်ရွယ် ရှစ်ကမ္ဘာကူးကာ ထူးတဲ့ စေတနာကြွယ်….

(မြစ်ငယ်ငါးရာ သီတာရေဟာ မြစ်ကြီးငါးသွယ် အဟုတ်ကျကာ သမုဒ္ဒရာစခန်း)၂ (ကမ်းမမြင်တဲ့ အဏ္ဏ၀ါပင်လယ် အချစ်နယ်က ကျယ်ဝန်းလို့ရယ် ပြိုင်ချင်ပါတယ် )၂ (ချစ်တာကိုသာ ပြောပြမယ်)၂ မေတ္တာ သဒ္ဒါရယ် အနန္တောလို့ စိန္တေယျာဟောတယ်…..

{ (ရွှေဖူးစာကံ စီမံလေတော့တယ် (ရှေးကံအကြောင်း ဆက်သွယ်)၂}၂ (ချစ်မေတ္တာ ကမ်းတစ်ဖက်ကို လှမ်းတက်ဖို့ရွယ်)၂ မြန်းစို့တူမောင်မယ် လှမ်းစို့တူမောင်မယ် အဏ္ဏ၀ါကြော ရေပြင်ကျယ်…….

ထူးတဲ့မေတ္တာတွေဟာ ချစ်တာကို ပြောပြရင်ဖြင့် ချစ်သဒ္ဓါဇောတွေကြောင့် ချစ်သောကကြွယ် (ချစ်ရပါတဲ့ပုံနှယ်)၂ တူမောင်မယ်ချစ်တဲ့သဘော အချစ်နယ်ဇောကကြွယ်

ထူးတဲ့မေတ္တာတွေကို ပြောရရင်ဖြင့် လောကီဘုံဘ၀မှာ ချစ်ပင်လယ် စတုရန်း မသွေတမ်းပင် အရှည်မှန်းရင် ကုဋေတစ်သန်းပင် ကျော်ပေလိမ့်မယ် သံသရာတွင်းကို သက်ဆင်းနေပြန်ကြတယ် အချစ်နယ်ကနှယ် ရာကျော်သက်လုံး အဆုံးတိုင်ကြင်မယ်…..။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။