မဂ္ဂင်ရှစ်ပါး

{ ( သစ္စာလေးပါး .. ခွဲခြားသိလျှင်.. သမ္မာဒိဋ္ဌိ မှတ်ကြနေ့စဉ် မဂ္ဂင်ရှစ်ပါး .. အားလုံးဝေဖန်တင် )၂.. ( သမ္မာသင်္ကပ္ပ စိတ်ကဆင်ခြင် .. သုံးဖြာဝဋ်မှာ လွတ်ရာထွက်ချင် )၂… ( သမ္မာဝါစာ ကောင်းသော စကားပင် သမ္မာကမ္မ န္တ ကောင်းမှုပြုလျှင် )၂ နိဗ္ဗာန်ဝင်… ၀င်နိုင်ပါတဲ့ ရှစ်ပါး မြတ်မဂ္ဂင် }၂…..

x x x x x

(သမ္မာ အာဇီဝနဲ့ပင် ကိုယ့်မှာ အသက်မွေးစေချင် သမ္မာဝါယာမကတော့ လုံ့လယှဉ် )၂ အော်… ဒုစရိုက်ကိုပယ်ရင်ဖြင့် အပြစ်ကင်းစင် သမ္မာသတိဝင်… တည်တည်ကြည်ကြည် စိတ်မှာထားရင် နေ့ညပွားကာ သမ္မာသမာဓိတင်.. နိဗ္ဗာန်ဝင်… ၀င်နိုင်ပါတဲ့ ရှစ်ပါး မြတ်မဂ္ဂင် ….

x x x x x

(လောဘ ဒေါသ မောဟတွေငြိမ်းရင် သိမ်းနိုင်ကြမှ အားလုံးကျွတ်တမ်းဝင်.. မဂ်လမ်း ဖိုလ်လမ်း ရည်မှန်းထိုခရီးစဉ် )၂.. သဘင်ဇာတ်ခုံလို့ မြူးထူးစိတ်ကရွှင် ဘုံလောကီတွင် ကြောက်စရာ တွေးမိရင် အနိစ္စမှာဖြင့် ဒုက္ခတွေဆင့် အနတ္တကို ရှုရင် ပျော်နိုင်ပါဘူးထင် ( သူသူငါငါမေးရင် တောင်းပန်ချက်တွင် နိဗ္ဗာန်ဝင်… ၀င်နိုင်ပါတဲ့ ရှစ်ပါး မြတ်မဂ္ဂင် ….)၂

x x x x x

သူသူငါငါ …..၀…. ၀…… မြတ်မဂ္ဂင်…။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။