အာဏာရှင် (၁)

ရာဇ၀င် မှတ်တမ်းတင် ထီးနန်းစဉ်ဆက်တွင် အာဏာပိုင်တဲ့ဘုရင် စိုးမိုးလာတဲ့အစဉ် မြန်မာပြည်အခါသင့်တွင် ရှေ့ဆောင်လမ်းပြတွင် နိုင်ငံသားတို့အစဉ် ခေတ်သစ်အာဏာရှင် ထင်ထင်ရှားရှား တကယ်စွန့်စားတဲ့ ယောက်ျားမြတ်ဂုဏ်အင် တို့ဗမာဘာသာမှုနဲ့ သာသနာပြုမယ်အစဉ်)၂

(တို့တိုင်းပြည်ကောင်းအောင် ခေါင်းဆောင်ပြုပြင် ငါတို့ အာဏာရှင်လွတ်လပ်ခြင်းရဲ့အရင်းခံစနစ် ခေတ်သစ် အာဏာရှင်)၂ ကမ္ဘာမှာလည်း အာဏာရှင် တို့လည်း အာဏာရှင် ကမ္ဘာမှာလည်း ခေတ်သစ် ထွင် တို့လည်း ခေတ်သစ်ထွင် စွမ်းဥာဏ်ရည် ပညာရှိတဲ့ (ဗမာ)၂ အာဏာရှင်……။


မှတ်ချက် ။ ။ နောက်ဆုံးအပိုဒ်သည် အများအားဖြင့် သီဆိုခြင်း နည်းလှသဖြင့် မထည့်တော့ပါ။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။