အာရှမယ်

အရင်ရှေးခေတ်ကုမ္မာရီ နွဲ့နှောင်းကာ ဖယောင်းသို့ ပုံညီ နူးညံ့ကာ ပျော့ပျောင်းပါသည် ကိုယ့်တာဝန် မကျေပွန်သည် ယောက်ျားကောင်း ပမာပုံညီ အာရှမယ် အမျိုးသမီးတွေသည် ဇွဲကောင်းကောင်း သံချောင်းပုံညီ စိတ်မဏ္ဍိုင်ခိုင်မာသည် အများအကျိုးအတွက် ချမ်းသာရေးကို နေ့စဉ်ပဲ တကယ်ကူညီ ကိုယ့်အတွက်ကို မငဲ့ကွက်ဘဲ ဇွဲသတ္တိနဲ့အညီ ငုတ်မိသဲတိုင် စိတ်ထားခိုင်သည် (လူငယ်တွေ)၃ အလုပ်နဲ့သက်သေတည်

(အလုပ်လုပ်ဖို့ နောက်ဆုတ်သူ မကြည်ဖြူနိုင်ပါသည် အမျိုးသားချင်း စာရင်ရှုပ်ရင် ထုတ်ပယ်စေရမည် ဇွဲသတ္တိ ရှိရမည် တာဝန်တွေ ကိုယ်စီ ထမ်းရမည် ကြမ်းရမည် လမ်းမှန်ကိုလိုက်မည် သြော် သားကောင်းမိခင် နောင်တစ်ခေတ်တွင် ဥာဏ်ပညာစွမ်းသည့် ဂုဏ်ရည် အာဇာနည်ကလေးများ လိုသည် မွေးရပေမည် အရေးကြီးသည် သွေးစည်းမည် အာရှလူငယ်စုံစွာ ကုမ္မာရီ)၂

ဓားသိုင်းတတ်ရမည် အမျိုးသမီးများတွေသည် မတတ်တာ မရှိအောင် စွမ်းဆောင်ရမည် တို့အာရှခေတ်မီ စစ်တိုက်ဝံ့ရမည် အမျိုးသားများတွေသည် တိုင်းပြည်အတွက်ကို တက်နေလင်းကာ စွမ်းဆောင်ကြရမည် ရာဇ၀င်တော်ညွှန်း မော်ကွန်းထွန်းမဲ့ဇာနည် နောင်လာနောက်သား ပေါက်ဖွား စွမ်းအားညီညီ လူငယ်စိတ်ထား မြင့်မားသည် ကြောက်ခြင်းရွံ့ခြင်း လွတ်ကင်းသည် သေသေကြေကြေ ဇွဲနှင့် တိုက်မည် တို့များ နောက်မဆုတ်သည်

အလုပ်လုပ်ဖို့…………………………..ကုမ္မာရီ…………….။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။