ချစ်တေးသံ

ဟေမန်ခါ လေသွေးတော့ တအေးအေးစိမ့်ကာတုံတယ် မယ့်ရင်ဝသည်းအုံမယ် မလုံနိုင်တယ် ချမ်းတယ် ချမ်းတယ် ဖူးစာရှင် ကေခိုင်ရယ် နေနိုင်လေအားတယ် ရင်ငွေ့တော် တူနှစ်ပါး ခိုလှုံချင်သားနဲ့ ဘယ်သောအခါများကွယ် မယ်နှင့်မောင် နီးရပါမယ် (ချစ်တေးသံကို)၄ ချစ်တေးသံကြူးကာ ခူးဆွတ်လှဲ့ပါ ဖူးစာရှင်ရယ် ရမ်းရော် တမ်းမျှော် တကယ် ချစ်သည်းတွေလည်း ကြွေလုလုပါကွယ်…..။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။