ကလေးချော့သီချင်း

မိတ္ထီလာ ဟို ကန်တော်အောက်ကယ်က အစ်ကို ဖားပါရင် တစ်ကောင် နှစ်ကောင်ပေးပါဆိုစို့ ပျိုတို့ ကိုယ်တို့လူပျို မောင် လူပျိုရယ် ငယ်ငယ်လေးပါ မောင်ရယ် မျက်လုံးကြောင်တောင် ဖားကောင်ကငို စားလည်းစားမယ်သူဆို ၀ါးလည်းဝါးမယ် ကြောင်ကြီးက နီးပြန်သကို မြီးတံတို လူကလေးကို ထမင်းဆီဆမ်း ရွှေလင်ပန်းလည်းစို ရတနာအဆင်း ဖြာဝင်း လမင်းညို……..

x x x x x

မိတ္ထီလာ……………………………………..လမင်းညို…….

မငို နဲ့ မောင်ရယ် (နင့်အဖေ ဘယ်သို့…)၂ လည်တတ်လွန်းတယ် လွန်လွန်းတယ်လို့ ပြောဝံ့ရဲ့လားကွယ် လူကလေးရယ် ဖေဖေလာရင် အပြင်ကို ထွက်လို့ ဘယ့်နှာ ဒါလောက်တောင် ကြာရအောင်လေ အဲသည်လိုပြောပါသား ခင်ရေ…..

မငို………………………………………………………. သား ခင်ရေ…..

ငါးစိမ်းမြင် ငါးကင်ကိုပစ်ပါတဲ့ ကြင်ချစ်သူ အရိပ်အယောင်ဆောင် လေ ရော့သလား (ထိပ်ခေါင်တင် လှိုင်ခင် (က) ရေးခဲ့သလို )၂ အိမ်နေသူ မမြလေး မှာဖြင့် ယဉ်ကျေးဖွယ် ခင်လေးကွယ် မျှော် ဦး ဦး ဦး မယ်…………။


မြန်မာညွန့် ဆရာတင်၏ အာယားမ သီချင်းနှင့် နှိုင်းယှဉ်။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။