တကယ့်ငြိမ်းချမ်းရေး

(နိုင်ငံတော် အေးချမ်းဖို့ရာ လုပ်ငန်းများကို စတင်ရာမှာကွယ် တိုင်းရင်းသားချင်း တူမကွာ စိတ်ဝမ်းတွေလည်း မကွဲကြစေဖို့ရယ် မြန်မကြာ တကယ်ငြိမ်းချမ်းရေးကို ရည်ရွယ် ပြည်ထောင်စု တိုင်းရင်းသားတွေ တိုးကာပဲ ချစ်ခင်ပါသင့်တယ်)၂ မြန်မာပြည်ပေါ်ဝယ် နေကြတဲ့သူတွေရယ် အချင်းချင်း သတ်ကာ အချိန်မကုန်ကြစေဖွယ် သည်တစ်နှစ်အတွင်းက အမှန်တကယ် တိုင်းပြည်သာယာအေးစေဖို့ လူထုကဖေးမလို့ ကူညီရင်ကွယ် (ငြိမ်းချမ်းရမယ်)၃ တကယ်ငြိမ်းချမ်းရေးရမယ် တာဝန်တွေ ယူပြီးတော့ကွယ် ကြံဆောင်ချင်တယ်

(လူထုကိုကွယ် မှာကြားချင်တယ် သွေးခွဲစနစ်တွေ ပယ်လို့ရယ် ပြည်ထောင်စုကိုကွယ် ပေးကာရယ် တိုင်းပြည်အကျိုးမို့ ထမ်းဆောင် ဘယာဘေးတွေ ဝေးရအောင်….. တကယ်)၂…..။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။