စွဲတယ်

(စွဲတယ် စွဲတယ် ဘာကြောင့် သည်လောက်စွဲပါလိမ့်မယ် အူထဲ အသည်းထဲ နှလုံးကျောက်ကပ်ထဲဝယ် စွဲတယ်)၂ မဟာဆန်တယ် နှာတံသွယ်သွယ် သမင်မျက်လုံးနဲ့ ပြုံးလိုက်ရင် သွားကလေးတွေမှာကွယ် မလွဲအောင် ပုလဲရောင်အသွေးကို ဆောင်လို့ရယ် နှုတ်ခမ်းဖျားနဲ့ လည်တိုင်ပေါ်တယ် အချိုးကျကျ ကိုယ်လုံးကိုယ်ထည် စိုစိုပြေပြေ နဂိုရည် နေကြော့ရှင်း အပြစ်ကင်းသူကလေးမို့ကွယ် သြော် မောင့်မျက်စိထဲဝယ် အမြဲပဲကွယ် သြော် စွဲတယ် စွဲတယ် စွဲပါတယ်……..။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။