ချီတက်ကြစို့ တို့မြန်မာတပ်မတော်

ချီတက်ကြစို့ တို့မြန်မာ့တပ်မတော် စစ်ဆိုရင် ရဲစိတ်တွေဝင် မြန်မာတိုင်းပျော် ကမ္ဘာတွင် ရာဇ၀င် တင်လောက်သနော် (ပွဲတိုင်းကျော် လွတ်လပ်ရေးခေါ် တို့တပ်မတော် တံခွန်စိုက်သနော်)၂ ..

အဘနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့ အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော် တို့စစ်သည် သွေးတစ်စက် ရာပြည်ထောင် အသက်နဲ့လဲလို့ ဖက်မတန်ပါသည်နော် ဘုန်းတန်ခိုး အာနုဘော် လွှမ်းမိုးလို့ ကမ္ဘာလုံးကျော် ..}

ပြိုင်ဖက်ကင်းတဲ့ လောကီအတွင်းဝယ် တစ်ဦးတည်း မင်းမဟော် ရှည်ပါစေ ရှည်ပါစေ ရှည်ပါစေ အသက်ရာကျော် ..

နယ်ချဲ့တဲ့ ကုတ်သွေးစုပ် အမျိုးယုတ်ကောင်တွေကို တန်ခိုးနုပ်အောင် အမျိုးပြုတ်အောင် ကျူပင်ခုတ် ကျူငုတ် မကျန်ဆော် ..။

အဘနိုင်ငံ………………………….. အသက်ရာကျော်……။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။