အာရှလူငယ် (၂)

ဗမာ့ခေတ်သစ် ဖြစ်ပေါ်လာအောင် ကြံဆောင်လို့သာ ကြိုးစားမည် နိုးကြားတဲ့ အရှေ့ကမ္ဘာဇမ္ဗူဝယ် လူငယ်များတွေ ထင်ရှားပြီ သာတူညီ ခံစားမည် ခံစားအစဉ် စံစားမည် ဒေသနာ တရားတော်ညီ တစ်ကိုယ်ကောင်း မကြံရပြီ တည်ကြည်စွာ သဒ္ဓါမြတ်စွာ ကမ္ဘာဘဒ္ဒါ အနာဂတ်မှာ လူငယ်တွေ ခေါင်းဆောင်ပြီး ကြံတိုင်း အောင်ရမည် နိုးကြားစေချင်သည် ထူးထူးခြားခြား စွမ်းအားဂုဏ်ရည် အာရှလူငယ် အမြင်ကျယ်ပါပေသည်…..

(သဒ္ဓါမျှတဲ့ အာရှလူငယ် မောင်မယ်တွေက ညီ တစ်ကိုယ်ကောင်း စိတ်ဖယ်ရှားကာပင် စေတနာကြည်လင်သည် )၂ (ခုနေခါမှာ တို့လူငယ်တွေ စည်းရုံးညီညွတ်ပြီ)၂ သြော် အားပေးပါတော့အတည် ၀ိုင်းဝန်းကာကူညီကြဖို့ နှိုးဆော်ပါသည် တက်နေ တစ်နှုန်းညီ (တို့အစည်းအရုံး)၃ ကို ကမ္ဘာလုံး သိစေမည်..

(လွတ်လပ်ရေး ပေးတော့မည် အေးအေးတော့ဖြင့် မနေနိုင်သည် တို့အာရှခေတ်သစ်တည် ကြိုးစားရွက်ဆောင် အောင်ရမည်)၂ ကိုယ့်ဝတ္တရားကို ကိုယ်သိဖို့ လူတိုင်းလိုပါသည် သတ္တိဇွဲနဲ့ ခဲမည် ၀တ္တရားကျေပါစေ(စီ) မြို့ ရွာနည်းထုံးမှီ တို့အာရှ အစည်းအရုံး တည်ထောင်သည်

အာရှလူငယ် မောင်မယ်များတွေ အားသန်ကြသည် စေတနာ့ဝန်ကို တကယ်ပင်ပန်းစွာ ထမ်းရှာကြသည် ထမ်းရှာကြပေသည်….

ရဲဘော်တို့ညီ ချွေးစိုကာရွဲပြီ ဇွဲရှိပေသည် တို့လူမျိုးအတွက်ကို ရွက်ဆောင်ရသည် တို့လူငယ်အပေါင်းက စိတ်ကောင်းတည်တည် ကြည်………။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။