မိုးတစိမ့်စိမ့်

အာကာယံထဲ ညိုမဲပါတဲ့ မိုးအမ္ဗုန်တွေရယ် မရွာဘဲ မမဲလိုက်ပါနဲ့ ဒေဝါရှင်ရယ် မောင့်တကိုယ်ထဲ ကုသိုလ်ကံနဲ့

အသဲနာစရာကြင်သူဝေး ရွှေမိုးရယ် သနားသင့်သူကလေး ဆွေးရတာ မအေးလှပါ ဆွေးရသူများကိုတော့ ကိုယ်ချင်းစာတရားထားသင့်ပါတယ် ထင်တာ ပူရသူနှစ်မျိုးကျင့်အောင် မိုးနတ်မောင်ရယ် ထပ်ခါဆောင် ပြန်တာ ရင်ထဲမှာသာ မမြင်ဘဲခွဲကာပြချင်တာ မပြစ်တန်းမုန်းတော့သလား အချစ်လဲဆုံးရတာ ဖော်ကွာသူကို မကူတဲ့အပြင် ခါဝသန်မိုးရယ် ဘယ်မာန်ကိုးလို့ အငြိုးနဲ့ ရက်စက်တာ

ရွာရင်လဲလိမ့်လဲကာ သဲသဲမဲမဲရွာ သွန်းကာဖြိုးရွှေမိုးဒေ၀ါ တစိမ့်စိမ့်ကလေး အဆွေးပိုစရာ ငိုချင်တုန်းအခါ အပြုံးလဲမပျက်ပါ ဘယ်အညှိုးနဲ့ မိုးတစိမ့်စိမ့်ရွာ

အိုဖော်ကွာဝေးသူမို့ ဆွေးသူပူရမယ် ရွာလို့သာ မစဲကသာ ကိုယ်ရွှေမိုးရယ် တိတ်နိုင်ခဲတာ မအေးရတဲ့သူမှာ ကယ်သူကင်းညှင်းနိုင်ရက်သာ အို သိကြားနတ်ဒေ၀ါ မောင့်ကံခေ ဘယ်ဂြိုလ်မွှေလို့သာ မေးချင်တာတွေ မေးပါ ဘယ်ဝဋ်ကြွေး ရွေးချယ်ခဲ့ပြန်တာ……..။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။