စစ်ဆွေးသံ

မောင့်အချစ်ဦးကလေးရဲ့ နားထောင်ကွယ် မောင်ပြောမယ် ပုလဲညက် ခိုင်စံပယ် မခွဲရက်နိုင်ပါတယ် မြန်မာ့နိုင်ငံ ထူထောင်ရန်အတွက် စစ်ထဲကိုလည်း မောင်လိုက်ခဲ့ပါတယ် ခင်ပျိုတစ်ပါးရဲ့ မတားနဲ့ကွယ်…………

ခင်ခင်ပျိုရယ် နေ့စဉ်အမြဲပါကွယ် ပန်းသပြေနဲ့ရယ် စစ်နိုင်အောင် ခင် ဆုတောင်းပါတော့ကွယ် အချစ်ဦးကလေးရဲ့ သည်စစ်ပြီးရင် ပြန်ခဲ့ပါမယ်…. စောင့်မျှော်ကာနေတော့ကွယ် မခွဲချင်ပေမဲ့ မနေသာဘဲ မြန်မာပြည် လွတ်လပ်ရေးအတွက် ခင်ခင်ပျိုကို အဝေးကဆွေးတော့မယ်….

သစ္စာတော်မောင့်ပေါ်တည်စေဖို့ ထပ်ကာမှာဦးမယ် ခင်ဖုန်းရယ် သီတာဆုံးတောင် မမုန်းဘူးကွယ် အသစ်တွေ့ရင်ကွယ် အချစ်ကိုမေ့မှာ စိုးလို့ အမျိုးမျိုးနဲ့ရယ် ကျေနပ်လောက်အောင် တောင်းပန်ပါတယ် စစ်တိုက်ရင်းကွယ် ခင်ခင်ပျိုကို နေ့စဉ် မျှော်တော့မယ်…။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။