ကေဘိုထိုင်ဝါဒ

(အမျိုးရဲ့ဇာနည် မညှိုးခဲ့ပါသည် တန်ခိုးထွက်လာပြီ မြန်မာပြည် အရှေ့ဘက်ကမ္ဘာတွင် တို့ရဲ့ရာဇ၀င် အမွှန်းတင်နိုင်ဖို့ရည်)၂ မြန်မာပြည်အကျိုးသယ်ပိုးတော့မည် ကေဘိုထိုင်လာပြီ အရာရာမှာကူညီ ဗုံးရန်ဘေး အေးရမည် ကျန်းမာရေး ကို မနှေးအောင် ဆောင်ရွက်မည်…..

နေပြည်တော်မှာ အေးချမ်းဖို့ ဘေးမသန်းဖို့ရာ ကြံဆောင်သည် မြန်မာပီပီ အစွမ်းလည်းပြမည် ဇွဲသတ္တိနဲ့ ရဲဇာနည် (စပိုင်သူလျှို အမျိုးမျိုးရှိလျှင် တို့ကသိအောင် ကြံဆောင်မည် နေရာတကာ အမျိုးသားအတွက်ကို ကြိုစားလျက်ပင် အသက်လှူမည် စွန့်စားတဲ့ ကေဘိုထိုင်တွေ တိုင်းပြည်အတွင်းမှာ ဆင်းရဲခံရသည် တစ်နေကုန်ကာကွယ်မည် တစ်ညလုံးပင် တို့နေပြည် ရန်သူခပင်းကို ရှင်းနိုင်စေဖို့ရည်……။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။