ပွဲနေပွဲထိုင်

ပွဲနေပွဲထိုင်မှာ စုံစွာကြွရောက်လာသောအခါ ကျေးဇူးလည်းတင်ကြောင်း မိတ်ပေါင်း ဆွေပေါင်း တွေ့ရ၀မ်းသာ ချစ်ကြည်ရေးပါ ဖွေးဖွေးဖြူဖြူ လှသူ မြင်သူ တကာ တို့မောင်ရင်းနှမရင်းပမာ မြို့မ အသင်း တူရိယာ သက်တူရွယ်မျှ ညီအကိုတတွေပါ ဆွေမျိုးဥာတိလို့ ဘိုးဘွားမိဘလိုပင် ခင်မင်ကာ မြို့မ အသင်းတော်သားများကို ချီးမြှင့်ဂုဏ်တင်လာ…

( ဖြူစင်သန့်ရှင်းစွာ ငါးရာ့နှစ်ဆယ်ရှစ်သွယ် ကြီးမားလာ )၂ ပြည်ဝန်း ရည်ညွှန်းကာ နိမ့်မြင့်များ ဝေနေယျာ မြို့မ မောင်တွေမှာ နေ့ညတိုင်း ပွားများ ချစ်မေတ္တာ.

( အကျင့်သိက္ခာ ဂုဏ်ဝါကြီးတဲ့ ပုဂ္ဂိုလ်အဖြာဖြာ ရိုသေလေးစားကြတာ မေ့ဘူး ဂါရ၀ါ ကိုယ့်ထက်ငယ်သူများ ညီမနဲ့ ညီတွေ ယုယပိုက်ုထွေးလို့သာ အရေးယူမှာ )၂ တစ်မိဝမ်းတွင်း တစ်အူထုံဆင်းလို့ ကြင်နာခြင်းများ မေတ္တာ ကရုဏာ ယိုဖိတ်လာ….

ဖြူစင်သန့်ရှင်း ………………………..ချစ်မေတ္တာ………။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။