ရာဇဝင်ကြွေး

ကမ္ဘာကြေသော်လည်း ဥဒါန်းပင် မကြေနိုင်တယ် မသမာ လူမျိုး မိစ္ဆာ အင်္ဂလိပ်များကို စိတ်နာပါတယ် အာရှခေတ်သစ်ထဲမှာ စစ်ဆင်နွှဲကာ နိုင်အောင်သာကွယ် အမြတ်နဲ့ အရှုံးကို သိအောင် တို့မြန်မာတွေ ကြံဆောင်မယ်)၂ နယ်ချဲ့တဲ့အင်္ဂလိပ်နဲ့ အမေရိကန် သင်းတို့လူမျိုး အရိုးပုံပေါ်ဝယ် ခြေတင်ကာရယ် နင်းကာသာပါ့တကယ် တို့အမှန်မယွင်း အမြတ်စာရင်းလည်း ပေါ်လာနိုင်ပါတယ်

သံပြိုင်။ ။ ရာဇ၀င်ကြွေးလည်း ဆပ်ကြရအောင် သူရသတ္တိရှိတဲ့ ဗမာတွေရယ် ဘယ်လိုဆပ်ရမယ် သြော် အမိန့်ရှိပါဦးကွယ် သွေးနဲ့ဆပ်ရမယ် ချွေးနဲ့ဆပ်ရမယ်တဲ့ အခါခါပင် စိတ်အားတက်ဖွယ် အာဏာရှင် မိန့်ကြားခဲ့တယ် ခါးတောင်းကြိုက်ကာ ဟောသည် စစ်ကို နိုင်အောင်သာတိုက်မယ် အောင်မြေနင်းပြီး သစ္စာဓိဋ္ဌာန် ပြုခဲ့ပါတယ် ဗမာတို့ရယ်….

ဟောသည်ဘ၀မှာ လူလာဖြစ်တာ နေရဖို့ရယ် သေရဖို့ရယ် သည်နှစ်လမ်း ဟောသည် ဟောသည်ဘ၀မှာ လူလာဖြစ်တာ ခံရဖို့ရယ် စံဖို့ရယ် သည်နှစ်လမ်း စွမ်းသတ္တိဂုဏ်နဲ့ ညီညာတာရယ် ယောက်ျားဘသား စွန့်စားကြဖို့ ဗမာပီပါစေကွယ် ကြောက်တယ်ဆိုတဲ့ စကားရယ် ရွံ့တယ်ဆိုတာ နားမလည် ငါတို့မြန်မာတွေများရယ် အာရှခေတ်သစ်ကို စစ်ကို ၀င်နွဲမယ်

ရာဇ၀င်ကြွေး…………………………………………မြန်မာတို့ရယ်


မှတ်ချက်။ (၄င်းသီချင်းမှာ ဂျပန်ခေတ်က ၀ါဒဖြန့်သော သီချင်းဖြစ်၍ အများဗဟုသုတ ဖြစ်ရန်သာ ပြည့်စုံအောင် ထည့်သွင်းဖော်ပြလိုက်ခြင်း ဖြစ်သည်။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။