အမေ့သား


ရေး - ရွှေလမောင်
ဆို - မသိန်းဟန်

သား - မြင်းမိုရ်တောင်ဦး မကကျူးပါတဲ့ ကျေးဇူးရှင် မွေးမေမေရယ် .. လူလေးမောင်ရယ် .. မွေးမေမေကို မေးချင်တာရယ် သူငယ်ချင်းတွေ အဖေအမေ စုံကြတယ် .. ကျွန်တော့ဖေဖေကောရယ် .. ပြောပါ့မယ်မယ် ဘယ်ဆီ သွားတယ် မတွေ့ရလေဘူးတကယ် ..

အမေ - မင်းတို့ဖေဖေ .. လူ့ပြည်မှာမပျော်တယ် .. ထက်ဘုံနန်းမှာ စံမြန်းလို့နေပြီကွယ် .. သိကြားဗြဟ္မာများတွေ .. လူလေးမောင်ရယ် .. နတ်ပြည်ထိအောင် ခေါ်ဆောင်ယူသွားတယ် ..

သား - ဆယ်လက်စုံ ညွတ်ကျိုးလို့ ရှိခိုးပါ့မွေးမေမေ သြော် .. ဖေဖေပညာတန်ခိုး .. သိချင်ပါတယ် မွေးမာတာရယ် .. ဦးတင်သ ..

အမေ - မေမေပြောပြ .. မောင့်သဘောကျ .. ဘဝင်ဇော ဟဒယရွှင်စေရာဝယ် မွေးမာတာ အထင်ကရ ထွင်ပါ့ မင်းနဲ့တစ်ဖုံတည်းထပ်တူ .. ပြောပုံဆိုပုံချင်းတူ ဗန္ဓုလစစ်သူကြီးလို မင်းအဖေ တစ်ပုံတည်းထပ်တူ ..

သား - အဟုတ်ပဲလားဗျာ ကျွန်တော့အဖေက ကျွန်တော့လိုပဲလားဗျာ ထပ်တူလား

အမေ - (ဟုတ်ပါတယ်) ၂ မင်းအဖေနဲ့ပင် တစ်ပုံတည်းကွယ် ..

သား - ဝမ်းသာပါတယ် ကြားရပုံရယ် .. ရွှေအားတော်မငယ်နဲ့ မွေးမေမေရယ် တစ်သက်လုံးကို လုပ်ကျွေးသမှု ပြုပါမယ် ..

အမေ - သားကြီးလူလှ အမေ့သား .. သိကြား - မ .. လိမ့်မယ် .. ဆင်ပြောင်ဆယ်စီး အားမာန်ကြီးတယ် မဟာဗန္ဓုလ .. စစ်သူကြီးလို အားကိုးရမလားကွယ် ..

သား - ဘုရားဂုဏ် .. တရားဂုဏ် .. သံဃာ့ဂုဏ် .. ဆရာသမား .. မိဘဂုဏ် .. မမေ့သူမှန်ပါတယ် ..

အမေ - သားကြီးလူလှ အမေ့သား သိကြား - မ .. လိမ့်မယ် ..

သား - အဖေ့ခြေရာကိုသာ နင်းပါတော့မယ် .. မွေးမေမေရယ် .. စကားကိုမချန်နဲ့ ပညာစွမ်းကို သိစေလိုပါတယ် ..

အမေ - ဘယ်ဘက်ကစမ်းစမ်း .. ညာဘက်ကစမ်းစမ်း .. ရတဲ့သူပါကွယ် စာရေးကြီးလည်း လုပ်နိုင်တယ် ကုန်သည်ကြီးလည်း လုပ်နိုင်တယ် .. တရားဟောလည်း တတ်တယ်မောင်ရယ် .. ပညာစွမ်းကို ကမ်းကုန်အောင် တတ်ပါတယ် ..

သား - (ယောက်ျားဘသား .. အမေ့သား .. လက်ခမောင်းခတ်တော့မယ်) ၂ ဘမျိုး .. ဘိုးတူ ဆိုတဲ့ စကားနဲ့ညီညွတ်ပါတော့မယ် .. မွေးမေမေရယ် တစ်သက်ပတ်လုံးကို လုပ်ကျွေးသမှု ပြုပါမယ် ..

အမေ - သားကြီးလူလှ .. အမေ့သားသိကြား .. မ - လိမ့်မယ် … ။