မြခွာညို


ရေး - ရွှေဂုန်မောင်
ဆို - မောင်မောင်စိုး

(ကြူကြူမွှေးတဲ့ ခွာညိုလွှာ .. လေယူရာတိမ်းယိမ်းနွဲ့ရှာ .. ချစ်သူကိုကိုချိုးခဲ့မှာ .. ပျိုပျိုပန်ဆင်စရာ) ၂ (ပင်လုံးညွတ်တော့ဖူးတံညှာ .. လေသင့်တဲ့အခါ ရနံ့တွေဖြာ) ၂ .. ခွာခွာညိုပန်းမှာ စိမ်းလဲ့ညိုပြာပြာ ..

(မွှေးလွန်းလှတဲ့ ရာသီပန်းညှာ .. ကညာမဒီ မြန်းဆင်စရာ) ၂ လေယူရာသွေး ကြူကြူမွှေးကာ မြပန်း ခွာညိုပါ ..

မွှေးလွန်းလှတဲ့ … … ခွာညိုပါ

အပြစ်တင်တော့ မစောနဲ့ခင်ကညာ .. ချစ်သူနဲ့ တွဲလို့ ယှဉ်ကာ ကြည်နူးဖွယ်ရာ (ပျိုပျိုမေ ဆင်ဖို့ရာ ဆင်ဖို့ရာ ခွာညိုပန်းကိုသာ) ၂ .. (ပျိုတို့မောင် တောင်ပေါ်ရိုးမှာ) ၂ .. ပန်းချိုးနေတာ အချိန်ကကြာ .. (ဝေဝေဆာ ပန်ကြရှာ .. ပျိုပေါင်း မေကညာ) ၂ .. ပြောင်ရွှေဝါ မှုန်ဝတ်ကသာ ကြိုင်ရနံ့တွေဖြာ .. ကေသာမှာ ခွာညိုသကာ ပျော်စို့တူနှစ်ဖြာ …

(ဆောင်းလပြာသို ပျိုခင်ကညာ ပန်ကြဝေဝေဆာ) ၂ ခွာညိုပန်းမှာ မြမာလာ ကြူအေးကြိုင်လှိုင်တာ …

ဝေဝေဆာ … … တူနှစ်ဖြာ

ဆောင်းလပြာသို … … ကြိုင်လှိုင်တာ ။

မာတိကာ သို့ .....