ရွှေပုပ္ပါး


ရေး - ရွှေညာမောင်
ဆို - ရွှေညာမောင်

တို့တိုင်းဌာနီ .. တို့မြန်မာပြည်ဝယ် .. ပေလေးထောင်ကျော်မြင့်ခေါင် .. တောင်တော် ရွှေပုပ္ပားရယ် ..

(ကြည်နူးဖွယ် .. ရွှေဂီရိန် တောင်တော်ပုပ္ပား စိမ်းနုပြာညို ရွှန်းရွှန်းစိုတယ်) ၂ (ဂန္ဓမာတောင် ပုံဆောင်နိုင်ဖွယ်) ၂ သုံးလုံးတောင်ထွတ် ယှဉ်ပြိုင်ကာရယ် .. ဖိုခနောက်ဆိုင် တည်နေပါတယ် .. (ဖူးညွန့်စိမ်းလန်း နွယ်ငန်းဆန်းကြယ်) ၂ အံ့မခန်းလောက်တယ် အသွယ်အသွယ် ရွှေ (ပုပ္ပား) ၂ တောင်မြတ်ဝယ် …

(ပန်းပဲမောင်တင့်တယ် နတ်မောင်နှမရယ် .. ပျော်စံမြန်းတဲ့ နတ်နန်းကြီးလည်း ရှိရာဌာနတကယ်) ၂ ပေါက္ကံပြည်ကို ပန်းတော်ဆက်တဲ့ ကိုဗျတ္တနဲ့ မယ်ဝဏ္ဏ တူစုံမောင်မယ် ချစ်ကြိုးသွယ်နှောင် ရွှေဖျဉ်းညီနောင် ဖွားရာဒေသကွယ် …

ပေါက္ကံပြည်ကို … … ဖွားရာဒေသကွယ်

(ပုပ္ပား ပုပ္ပား တောင်တော်ရွှေပုပ္ပား) ၂ ပုပ္ပားရယ်သာ လာချင်ပါရဲ့လေ ..

(စကားပွင့် ဂမုန်းရယ် အများဖြင့် သုံးတယ် ပုပ္ပားတောင်မြတ် တောင်ကလပ်ဝယ် ဝိဇ္ဇာ တပသီ ဇော်ဂျီတွေ ဆေးကြိတ်ပါတယ် .. ) ၂ စိမ့်စမ်းရေတံခွန် ကိုးဆယ့်ကိုးနဲ့ ကျောက်နွားသိုး ကိုးကောင်ရှိပါတယ် ..

စကားပွင့် … … ရှိပါတယ်

ပန်းပဲမောင်တင့်တယ် … … ဒေသကွယ် ။