ညာတာဝါဒ


ရေး - ရွှေဂုန်ညွန့်
ဆို - ခင်ခင်ရီ

တကယ့်တကယ် .. အရေးအရာ ပေါ်ထင်လောက်အောင် .. နေ့တိုင်းနေ့စဉ် အလုပ်အကိုင်ကြံစည်ရေးကို တွေးပါတော့လား မောင် အစဥင်္ .. ပြောပါရစေရှင် …

(သူများတကာထက်ပင် မောင့်ကိုအမြဲထင် ပညာတတ် ဘီအက်စ်စီ ဝတ်လုံကြီးလို .. အဝတ်အစားမှာလည်းဆင် အမျိုးမျိုးနဲ့ ဂိုက်ပါဝါ ကြွားနေချင်) ၂ …

နေ့စဉ် အချိန်တွေလည်း ဖြုန်း၍ပင် .. မောင့်မှာ နေရာတိုင်း ဖြန်းလွန်းရင် .. ညာတာဝါဒ ရှင့်အမည်ကို .. ပြောင်း၍ ခေါ်မယ်ရှင် …

နေရာတကာတွင် .. မောင်စကားပြောရင် .. ရီသဘောမကျချင် .. ဒါတွေကိုပင် .. တကယ်တွေးကြည့်ရင် အလုပ်ပိုပဲ ရီရီထင်မြင် .. ချစ်တဲ့ သူသခင် .. ပြောနေတာကို တစ်ဆိတ်လောက် မောင်နားဆင် …

နေ့စဉ် … … ခေါ်မယ်ရှင်

(အင်္ဂလန် အနောက်တိုင်းကြီးကို သူပညာသင် .. ထာဝစဉ် သူများကဲ့သို့ ဂုဏ်ယူချင် .. ဘွဲ့ထူးများဆင် .. ဤလောကတွင် .. လူတိုင်းနှင့်ယှဉ် ကျော်ကြားဖို့မြင်) ၂ …

နေ့စဉ် … … ခေါ်မယ်ရှင်

ကံဉာဏ်ရယ် .. ဝီရိယယှဉ် .. တကယ်အမှန်ပင် .. အမြဲစိတ်တွင် .. မောင်ဆင်ခြင် .. သင့်ပေတယ် .. အစဉ် .. ရွှေဂုန်ညွန့်တေးသွား ရေးသားရင် မှတ်သားစေချင် …

နေ့စဉ် … … ခေါ်မယ်ရှင်

နေ့စဉ် … … ခေါ်မယ်ရှင်