ပင္နီအက်ႌ


ရေး - ရွှေဂုန်ညွန့်
ဆို - ခင်ခင်ရီ

(အမျိုးသမီးပျိုများညီ .. ပင်နီအင်္ကျီကိုယ်စီ ဆင်မြန်းလေပြီ .. ယဉ်ကျေးသည်) ၂ .. တိုင်းရင်းဖြစ်ပင်နီ .. တကယ်သုံးစွဲချင်ပြီ .. ငွေကုန်ကြေးကျ အဖိုးနည်းသည် .. ခေတ်အခါ ကြုံလာပြီ .. ရီရီလေးမှာ အားပေးဆင်မြန်းသည် .. အမျိုးသမီးတွေ သူ့ခေတ်နဲ့ သုံးကြပြီ …

မြန်မာတို့တိုင်းဖြစ်ကို သုံးကြပြီ .. ပင်နီကိုလည်းဝတ်ရင် တစ်မျိုးလှမည် .. အလွန်ပင် ယဉ်ကျေးသိက္ခာတည် အမျိုးသမီးတွေ .. တိုင်းပြည်လုံး ကုမ္မာရီ …

ဟိုယခင်အခါရှေးတွင် .. ယောထဘီ အင်္ကျီကမှယဉ်သည် .. အင်မတန်ကွာခြားပြီ .. အဲဒါတွေ တွေးလိုက်ရင် .. နိုင် နိုင်ငံခြားအထည် .. ချုပ်ကာပင် ဝတ်ဆင်ရမှ ယဉ်သည် .. ထင်မြင်တာမှားမည် .. ခုနေခါ သိသင့်ပြီ …

မြန်မာ … … ကုမ္မာရီ

(မြန်မာရွှေပြည် .. နိုးကြားချိန်ရောက်ခဲ့ပြီ .. ခြွေတာရင်အတည် .. တိုးပွားစိမ့်ကြောင်းနဲ့ရည်) ၂ .. ဖြာဖြာဝေမည် .. ပြည့်စုံသည် .. မြန်မာတွေအတည် .. ကြိုးစားညီညွတ်ခဲ့ပြီ .. ရတနာတွေစည် .. ပေါများမယ်တိုင်းပြည် …

မြန်မာ … … ကုမ္မာရီ

ရက်ကန်း ပညာတွင် စိတ်ပါသည် .. တိုင်းရင်းလက်ရက်အထည် တည်ထောင်မည် .. ကိုယ်ပိုင်လုပ်ငန်းတည် .. ရီရီပျို စိတ်ကရည် ရွှေဂုန်ညွန့်က တေးသွားကို ရေးသားစီ …

မြန်မာ … … ကုမ္မာရီ ။