ရည်စားဓားပြ


ရေး - ရွှေဂုန်မောင်
ဆို - မောင်မောင်စိုး + ခင်နှင်းရည်

ကျား - (ရူပါရုံ ဗန်းပြလာတယ် .. အသည်းထဲစွဲလောက်ဖွယ် ရွှေဂဟေမသွေတမ်း မြဲချင်တယ် ချစ်မယ် .. တစ်သက်ပန်ရွယ် ..) ၂ (သင်းပျံ့ကြူတယ်) ၂ ရွှေစံပယ်ကုံးလေးရယ် .. (လှမ်းဆွတ်ချူမယ်) ၂ ကြွေချင်တုန်းမို့ကွယ် .. ကမ္ဘာကြီး ပြိုပျက်တောင်ကွယ် မခွဲဘဲကွဲ့ မောင်ချစ်မယ် …

(သက်လယ် မျက်ချယ် .. ဇွတ်အတင်းပဲချစ်တော့မယ် .. မိုးနတ်သူရယ် .. ဖူးရွှေစာတကယ်ဆက်ချင်ပါလှတယ် .. ရူပါညှို့ချက်ဆန်းလှတယ် .. ခွေယိုင်နွမ်းလို့ ပန်းပေါ့ကွယ် .. ရည်စားဓားပြရယ် .. ဆီးတားမရတယ် လှဖုန်းမိုသက်လယ် ခေါ်ချင်ရင် ခေါ်နိုင်ပါတယ်) ၂ ကွယ် … အချစ်ရယ် …

ရည်စားဓားပြ … … အချစ်ရယ်

- (မသွေတမ်း ချစ်ချင်တယ် .. သို့ပေမယ့်လို့ကွယ် .. ယောက်ျားများဆိုကြောက်ဖွယ် .. ငါးစိမ်းမြင် ငါးကင်ပစ်မယ်) ၂ သည်ယုန်ကိုကွယ် မြင်လို့ရယ် မောင်တို့ကတော့ကွယ် တစ်ချုံထွင်တယ် .. ဉာဏ်နှောခြယ် .. ဘယ်သဘောမျိုးလဲကွယ် .. ချစ်ပန်းကလေးကို မနွမ်းခင်မြန်းဆင်ယင်ကာ မြှူချော့မယ် …

[ ချစ်မယ် .. ကြိုက်မယ် သက်ဆုံးပါ့ ပေါင်းဖို့ရွယ် .. သနား ချစ်မောင်ရယ် ချစ်စေချင်တယ် ပစ်ကာမသွေနဲ့ကွယ် ကြာဗျာပါချစ်တော့ မချစ်နဲ့ကွယ် .. ပျိုပျိုကြောက်လို့ တားရတယ် .. (ရည်းစားဓားပြရယ်) ၂ ပျိုချစ်ရတော့မယ် .. နောင်ခါမောင်မှန်မသွေရင်ကွယ် ] ၂ တကယ် .. ကြိုက်မယ် …

သက်ဆုံးပါ … … တားရတယ်

(ရည်းစားဓားပြရယ်) ၂ … … မောင်မသွေဖယ်ရင်ကွယ် တကယ်ကြိုက်မယ် ။