ခေတ်ဆန်းချိန်


ရေး - ရွှေညာမောင်
ဆို - ရွှေညာမောင်

ရွှေထီး .. ရွှေနန်း .. ရွှေကြငှန်းစုံသည် .. ဘမရာသန အောင်ဌာနီ .. ရှစ်ဖြူပစ္စုံ လှစ်ခြုံမိုးလို့ သြော် - ရှေးရှေးကမြန်မာတို့နေပြည် .. တို့ဘုရင်တွေ စိုးမိုးအုပ်ချုပ်ခဲ့သည် …

(ဝေဝေစည်စည် .. ရွှေငွေအလီလီ .. ဝေဝေစည်စည် .. သာကီဇာနည် မင်းလုပ်ခဲ့တဲ့ နေပြည်) ၂ .. (ရွှေဘုံ ရွှေနန်းက ရွှေပဟိုရ်စည်သံများကို မကြားရတော့သည် .. ငါးဆယ့်သုံးနှစ်ကျော်မျှ ကြာခဲ့လေပြီ) ၂ .. သို့ပေမယ်လို့ ကဝိန္ဒာပညာရှိတို့ သိုက်တဘောင် တွေးတွေညွန့်ခဲ့သည် .. နဂါးမြွေကို ဖားတွေလွှမ်းလိမ့်မည် .. ကျားဘုရင်ကို သားသမင် ဝိုင်းချိမ့်မည် ကြောင်တစ်သုတ်ကို ကြွက်အုပ်နှိမ်လို့ချီ …

တို့ဗမာပြည် ဇာတာစန်းမှာ ပွင့်လန်းလာခဲ့ပြီ ဘုန်းတေဇာ သမ္ဘာလျှမ်းမည် စာဆိုတွေနဲ့အညီ မမေ့နိုင်သည် ခေတ်ဆန်းချိန်ရောက်လုနီးပါပြီ ..

ကုမ္မရီအပျိုစင်များမှာ မျိုးချစ်စိတ်တွေ ထက်သန်လာကြပြီ .. ဝတ်ကြဆင်ကြပါသည် .. တို့ဗမာဖျင်ပင်နီ တို့ဗမာဖျင်ပင်နီ အမော်အကြွား အတုအပ တစ်ခုမှ မရှိကြပါသည် ယခုမှ သတိရလေတော့သည်

တို့ဗမာပြည် …  … လုနီးပါပြီ 

[အမျိုးသားတွေ နိုးကြားလာကြပြီ .. ကြိုးစားရှာကြသည် .. ကူညီညာဝိုင်းကာ (တို့တိုင်းတို့ပြည်) ၂ သာယာစေဖို့အတည် ] ၂ အနစ်နာခံကာ ကမ္ဘာမြေအတွင်းတွင် ဗမာတွေ စာရင်းဝင်ဖြစ်စေမည် တိုင်းပြည် အကျိုးနော် နှိုးဆော်လိုက်ပါသည် ..

တို့ဗမာပြည် …  … လုနီးပါပြီ ။