သုဝဏ္ဏသျှံ

( ဒုကုလနဲ့ ပါရိကတို့ တူစုံနှစ်လီ.. မွေ့လျော်ခြင်းပင် တောသို့မှီ.. ကျင့်ဝတ္တရားကို အားထုတ်သည် )၂.. ( ကာမဂုဏ် နှစ်ဦးလုံးညီညီ.. မုန်းလှပါပြီ ဆုံးမကြသည် )၂… ( မေထုန် မမှီဝဲဘဲနဲ့ ချက်ပေါ် လက်တော် ရစ်လို့သန္ဓေတည် )၂ ထွန်းကားမယ့်သားရသည် ရွှေအဆင်းလို ၀င်းပညီ သုဝဏ္ဏသာမအမည် ဂါဝရချီ မိဘလုပ်ကျွေးသည်…

(ပီလိယက္ခမင်းက မြှားနဲ့ခွင်းပြီ သုဝဏ္ဏသျှံ ရွှေစင်အိကို ထိမှန်တော့သည် )၂ သို့ပေမယ့် သေနိုင်ရိုးလား မိဘတွေ လုပ်ကျွေးတဲ့ ဂုဏ်ရည်…

x x x x x

( မိဂသမင်တွေ အပါးနားက ခြံရံသည်… ဘုရားလောင်းနေရှာပြီ နှစ်ပါးလိုရာ ဖြည့်စွက်ဖို့အတည် )၂ မြစ်ဆိပ်ကမ်းဆီ .. အပန်းဖြေတော့သည် .. ရွှေသမင်အလယ်မှာ စိုးမိုးအုပ်ချုပ်နေဆဲအတည် သနားစရာပဲတစ်လီ မှားရှားတော့သည် အထင်တော်လွဲပြီ ပစ်ခတ်ခြင်းမှာ အလျှင်းမတော်ပါသည်…

ပီလိယက္ခ …. ၀ ….. ၀ ….. လုပ်ကျွေးတဲ့ဂုဏ်ရည်

x x x x x

( ဒုကုလ ပါရိက မြွေယုတ်မာအတည် မှုတ်ပြန်တော့သည်… စက္ခုတော် ထိုနှစ်ကွင်းမှာ အို…. မလင်းပါပြီ ၀ိပါကမည်…)၂… ( စီးတွေတွေ ရွှေမျက်ရည် အလောင်းတော်နှင့် မိဘနှစ်လီ )၂ … သုံးဦးသား နှလုံးကမကြည်… ဗဟုသုန္ဒရီ နတ်သမီးဆင်းလို့ ကယ်ဆယ်ပြီ…

ပီလိယက္ခ …..၀….. ၀…….. လုပ်ကျွေးတဲ့ဂုဏ်ရည်….။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။