ကျေးလက်ဂီတ

နေမင်းကြီးလည်းထွက်လုပြီ ငါဟာမျက်လုံးပွင့်လာပြီ
စိတ်ကူးများလည်းအသစ်ဖြစ်ပြီ အောင်မြင်မှုများရတော့မည်

မျက်လုံးပြူးပြူးဇီးကွက်ကြီးရီဝေအိပ်တန်းတက်နေပြီ
ငါတို့အလုပ်လုပ်ရတော့မည် အချောင်ခိုလို့လည်းမရတော့ပြီ

ဒေါင်ဒင် ဒေါင်ဒင် ဒေါင်ဒင် ခေါင်းရင်းကနာရီ
တုံတုံတုံ တုံတုံတုံ ရွာဦးကျောင်းအုန်းမောင်းမြည်
ကလင်ကလောင် ကလင်ကလောင် ကလင်ကလောင်
ကျောင်းခေါင်းလောင်း ကတီး
ကိုယ်စီကိုယ်စီ တို့ကြိုးစားရတော့မည်
( နာနာနာ...နာနာ့နာနာ )

ငြိမ်းချမ်းလှတဲ့တို့ကျေးရွာ နေခြည်ဆုတ်သွင်းညနေခင်း
အားလုံးအပြီးအစီး အလုပ်သိမ်းပြီ အပျိုတွေရေခပ်ဆင်းကြသည်

ကာလသားများလည်းနိုးကြားချိန် ပျော်ရွှင်ဖွယ်လပြည့်ညခင်း
စကားဝိုင်းများလည်းဖွဲ့ကြသည် စကားထာတွေလည်းဝှက်ကြသည်

တောင်တင် တတောင်တောင်တောင် တတင်တင် ချက်ကြီးရဲ့မယ်ဒလင်
ဂျောက်ဂျက် ဂျောက်ဂျောက်ဂျက် ရက်ကန်းများရက်ကြသည်
ဗျောင်တောင်တောင် ဗေဗေဂျိ ကလေးများကစားနေပြီ
လာပါ Welcome ကျေးလက်ရဲ့ဓလေ့ဆီ
(နာနာနာ.....နာနာ့နာနာ )
ညတွေလည်းလှစေခဲ့ မင်းလေးဟာငါ့ရဲ့အေးမြလမင်း
တောင်းပန်တယ်ချစ်သူရယ် နင်ငါ့ကိုမထားခဲ့လိုက်နဲ့
နင်ငါ့ကိုမုန်းလို့မသွားနဲ့ ငါတကယ်ကိုချစ်လို့သွားတာနင်

ကျေးလက်ဓလေ့ဆီ တစ်ခေါက်တစ်ခါ လှမ်းဖူးသူတွေ
ဝေးတော့မှကွယ် လွမ်းကြမယ်

မာတိကာ သို့ .....