အိပ်နေတုန်း

အိပ်နေတုန်းလန့်နိုးကာ မင်းကိုလေငါ့နံဘေးစမ်းကြည့်တယ်
မင်းလေးမရှိတော့ အဝေးကိုထွက်သွား ငါ့ကိုတစ်ယောက်တည်းထားခဲ့မလား
ဘာကြောင့်နင်ငါ့ကိုစွန့်ခွာသွားလဲ ဘာ့ကြောင့်နင်လေထွက်သွားလဲ
မင်းလေးမရှိတော့ဆွေး...ငါလေဆွေး

ဟိုတုန်းကငါချစ်ခဲ့ခြင်းတွေ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့
အဆုံးသတ်သွားမယ့် နင်ထွက်သွားအဝေး

အိပ်မက်တွေမက် စွဲလမ်းတဲ့စိတ်ထဲ မင်းကိုငါလေ ငါမေ့မရခဲ့ဘူး
မင်းကိုချစ်တဲ့စိတ်နဲ့ ဆက်ပြီးဆက်ပြီး တမ်းတခဲ့
ငါ့ရင်ထဲ အလွမ်းမျက်ရည်စီးဆင်း ဘာကြောင့်နင်လေထွက်သွားလဲ
မင်းလေးမရှိတော့ဆွေး ငါလေဆွေး

နင်ထွက်သွားအဝေး ငါ့ကိုနင်ထားခဲ့ပြီ ငါ့ရင်ထဲမီးတွေ စွဲလမ်းခြင်းရဲ့မီးတွေ
ငါတစ်ယောက်တည်း နင်ထားခဲ့ပြီ ငါ့ရင်ထဲမီးတွေအဆုံးထိကျွမ်းလို့ရူးပြီ ရူးပြီ
ဟိုးတုန်းက ငါချစ်ခဲ့ခြင်းတွေ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ ဖြစ်ခဲ့

အိပ်နေတုန်း လန့်ကာနိုးကာမင်းကိုလေ တကယ်ကို ငါ့နံဘေးမရှိတော့ ဆွေးတယ်

မာတိကာ သို့ .....