ဂျူလီယက်

လား ..... လာ ..... လာ .....
အရာရာရင်ဆိုင် ကျေနပ်မယ့် စိတ်တွေ ငါ ရှိခဲ့ပြီ
ရင်ကို ထာဝစဉ် ချိုမြတဲ့ အပြုံးတွေ နင် အမြဲပေးလည်း
ဘာအတွက်ကြောင့်များ နင့်အနား မလာနိုင်ရဲခဲ့
လမ်းတစ်ဝက်မှာ တွေဝေးရင်း စိုးထိတ်နေဆဲ

တစ်ချိန်မှာ ပျော်ရွှင်ကြည်နူးမယ့် နေ့တွေ ငါ တမ်းတတယ်
ရင်ကို နာကျင်ခြေမွမယ့် တံခါးတွေ နင်ဖွင့်လိုက်တော့
ဘ၀သစ်စရင်း အချစ်များ အတူ ဖန်ဆင်းဖို့
မင်းဘေးမှာ ငါနေရင်း ရှင်းပြချင်တယ်

ဂျူလီယက် ..... နှစ်သိမ့်ခွင့် ပေးလှည့်ပါကွယ်
ဂျူလီယက် ..... ငါ့ရင်ကို ၀င်ကြည့်လှည့်ပါ
ဂျူလီယက် ..... အေးစက်စက် ဆောင်းညတွေမှာ
အို/တကယ် အထီးကျန် ငါ့အမှားတွေ
ခွင့်လွှတ်ဖို့ တောင်းပန်တယ် / ခွင့်လွှတ်တော့

ငယ်စဉ် ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေ အရောင်ဆိုးခဲ့
တစ်ခါတစ်ရံ ကိုယ်စီ ဖြေမရတဲ့ အမှားတွေ
ရှောင်လွဲမရခဲ့ ဖြေရှင်းဖို့ခက်ခဲ မဆိုင်တဲ့ အမှားများနဲ့
အမှားအယွင်းတွေ တူညီပေမယ့် အရှုံးပေးပါတယ်

မာတိကာ သို့ .....