သက်မဲ့အရုပ်

အရှေ့ကိုတိုးရင်း နောက်ဆုတ်လာပါတယ်
ဆုတ်သည်ထက် ဆုတ်လို့လာတော့လည်း
အရှေ့သို့ရောက်အောင်တွန်းမှ အနောက်ဘက်တိုးနေမယ်

နီထားရင်းလည်း ဝေးလို့လာပါတယ်
ဝေးသည်ထက် ဝေးလို့လာတော့လည်း
အနီးဆုံးထိအောင် နီးလိုက်တော့မှ ဝေးနေတယ်

ကိုယ့်အရုပ်ကလေးအတွက် ထာဝစဉ်အလိုလိုက်နေမယ်
အတွေးထဲအသည်းရယ် လိုက်လေဝေးလေ ပြေးသူ
တစ်ကမ္ဘာဆုံးမို့ ကိုယ်နားလည်ရမယ်
အို သက်မဲ့ အရုပ်ကလေးရေ

ပြုံးထားရင်းနဲ့လည်း မဲ့လို့နေပါတယ်
မဲ့သည်ထက်မဲ့လို့ လာတော့လည်း
လှသည်ထက်လှအောင် ပြုံးလိုက်မှ မဲ့နေတယ်

အချစ်စစ်ဝေတိုင်း အမုန်းကပြန်လာတော့လည်း
ချစ်သည်ထက်ချစ်အောင် တိုးချစ်လိုက်မှ မုန်းနေတယ်

မာတိကာ သို့ .....