ပျောက်ဆုံးသွားတဲ့

နူးညံ့တဲ့ အချစ်တို့နဲ့ ရေးဖွဲ့ခဲ့ ဘ၀လေး
ငါ ပြန်မရတဲ့ အခုလို အချိန် အလွမ်းတွေဟာ လှိုင်းထန်တယ်
သတိရတိုင်း ငါ့ရဲ့နားဘေး မင်းရှိမလား ရှာမိ
ဘယ်ဆီ ပြေးပုန်း ဟို တစ်ချိန်က မင်း မျက်လုံး မင်းရဲ့ အပြုံး

မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များက
ခွဲခွာခြင်း တစ်နေ့ကို ကြုံလာခဲ့ပေါ့
မေ့မရသော အတိတ်က တို့နှစ်ယောက် အမှတ်တရ
မင်း နှုတ်ခမ်းဖျားက အပြာရောင် မနက်ခင်းတွေ
ငါ ပြန်လည် တမ်းတရင်း ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ

အစီးအနှင်း များလွန်းတဲ့ နက္ခတ်ဆိုးတွေကြား
ရိုးသားခြင်းနဲ့ ဘ၀ကို ပုံခဲ့တယ်
ငါဟာ သိုးမည်းတစ်ယောက်ပါ
စိတ်ဓါတ်ကျလွန်းတဲ့ ငါ့ရဲ့ နေ့တွေထဲ
မင်းရှိနေရင် အားအင်တစ်ခုပဲကွာ /
မင်းနဲ့ အတူတူ ဖြတ်ကျော်ချင်သေးတယ်
ငါလေ တမ်းတမိတယ်

မဆုံးတဲ့အနမ်း မဆုံးတဲ့ခရီး
မဆုံးတဲ့အချစ် ဘယ်မလဲ
အို အခုတော့ ငါ့ တစ်ယောက်တည်း
အထီးကျန်လွန်း ဘယ်လို ရပ်တည်မယ်
မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များထဲ
ခွဲခွာဖို့ အကြောင်းက ကြုံလာခဲ့ပေါ့
ကြေကွဲစရာ အဖြစ်အပျက်တို့ မေ့ဖို့ ကြိုးစား
မင်း မရှိတော့တဲ့ အလွမ်းနေ့ ကွင်းပြင်ထဲ
ပြေလည်ရာ လမ်းကိုရွေး ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ

အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါ လျှောက်လှမ်းဖို့ ဘယ်သူ အလင်းပြပါ့မယ်
အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါ လျှောက်လှမ်းဖို့ တကယ်ကို အလင်းရောင်လိုတယ်

အစီးအနင်းများလွန်းတဲ့ နက္ခတ်ဆိုးကြားမှာ
အရိုးသားဆုံးစိတ်နဲ့ ငါ့ဘ၀ကို ပုံအပ်
သိုးမည်းတစ်ယောက်လို ငါပါ
စိတ်အားငယ်နေချိန် ဒီလို နေ့များမှာ
မင်းလေးပဲ ငါတကယ် တမ်းတနေတယ် အချစ်ရယ်

မိုးလင်းတိုင်း ငါ့ နားဘေးနား မင်း မရှိဘူးလေ

မာတိကာ သို့ .....