ရောင့်ရဲစို့

ဒီအတိုင်းဆို အချစ်များဟာ
အရောင်တွေ ဖျော့လို့ သွားပြီလား
ရေစီးမှာ မီအောင် မျောရင်း
အတူမဆုံဖြစ်တဲ့ နေ့ရက်တွေ
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်း ပြေးရင်း
ဖိနပ်လည်း ပါးတော့မယ်
ဘယ်တော့များမှ အတူနေရဖို့
သေချာဦးမလဲ ချစ်သူရယ်

ငါတို့ နှစ်ယောက်/ နှစ်ဦးကြား
အကြောင်းမဲ့ သက်သက် အချိန် များ/တွေ ဖြုန်း
တကယ်ပါ တွေးကြည့်စမ်း
အချစ်ရှိဖို့ အလိုအပ်ဆုံး

အရင်ကလို ငါတို့ နှလုံးသား
ရင်ခုန်သံကြားဖို့ အားရဲ့လား
အိပ်မက်တွေ တစ်ခုပြီး တစ်ခု
လူကို အဝေးက မျှားလို့ရယ်

ဒီအချိန်ထိအောင် ငါတို့ ဝေးနေ
တကယ်ကို ငြီးငွေ့လွန်းပြီကွယ်
အတူနေရအောင် ရောင်ရဲစို့
ဒီဘ၀ရဲ့ အမော
လက်တွဲလို့ တို့အတူ မောရအောင်

မာတိကာ သို့ .....