မရေရာဘူး

အမှောင်ညထဲ ကြွေကာပျက်
မလင်းလက်တော့တဲ့ ကြယ်များအကြောင်း
ပင်လယ်အရောက် အကုန်ကွယ်ပျောက်
စမ်းချောင်းနဲ့ ရေပွက်လေးအကြောင်း

လေထုထဲ ပြယ်ကာပျက်
ပန်းပွင့်များရဲ့ ရနံ့များအကြောင်း
အချိန်တွေထဲ အကုန်ပြိုလဲ
ထားခဲ့ရမယ့် အတိတ်များအကြောင်း

တိုးတိုးလေးကြားတယ်
အသံများဟာ ကြေကွဲလို့
တိတ်တိတ်ဆိတ်ဆိတ်နဲ့
သိနားလည် ငိုကြွေးဖို့

မရေရာဘူး မသေချာဘူး မပြီးဆုံးဘူး
မသေချာဘူး မရေရာဘူး မမြဲသေးဘူး
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှ မရှိဘူး
ရပ်တန့်လို့ မရဘူး

မာတိကာ သို့ .....