သူမသိလည်း

မနက်ခင်းတွေဆို နှိုးတတ်တဲ့ ငှက်တွေဟာ
မိုးလင်းစကတည်းက အခန်းရှေ့ဆီကို အမြဲရောက်လာ
သူ့ အကြောင်းတွေဟာ နှိုးတတ်တဲ့ ငှက်ငယ်လား
အစောဆုံး အတွေးလေးမှာ ၀င်နေရာယူလို့ထား
ကျောင်းတက်ချိန်ဆို ကျောင်းလမ်းက ပန်းတွေဟာ
လှမ်းကြည့်မိတိုင်းမှာ မခူးရက်သူကို ညှို့တတ်တာ
သူ့အကြောင်းတွေဟာ ကျောင်းလမ်းက ပန်းတွေလား
အတွေးနဲ့တင် ရင်ထဲမှာ နမ်းရှိုက်နေရတာ

သူမသိလည်း လွမ်းနေပြီ သူမသိလည်း လွမ်းနေမိ
တကယ် ဘာကိုမှလေ မမျှော်လင့်ခဲ့ပါ
သူ မသိလည်း လွမ်းနေမိ အချစ်တစ်ခုကို ရင်ခွင်လေးထဲမှာ
အို ... တိတ်တိတ်လေးပဲ ဆက်သိမ်းထားမှာ

ညအိပ်ချိန်ဆို ဟိုးအဝေးက လရောင်ဟာ
အနားရောက်ခဲ့လည်းလေ ဖမ်းဆုပ် ပိုင်ဆိုင်ခွင့် မရှိပါ
သူ့ အကြောင်းတွေဟာ ဟိုးအဝေးက လရောင်လား
ည လသာချိန်လေးမှာ ငေးကြည့်ရုံပဲလား

မာတိကာ သို့ .....