ကံကောင်းမယ့်အချစ်

ခွဲရစ်ခဲ့ပေါ့နော် လုံးဝ မဖြစ်လို့ မင်းနဲ့ဝေးတော့ နေ့နဲ့ညတွေ ဘယ်လိုနေရမလဲ
အမှောင်တွေ ကျော်လွန်ပြီးခဲ့ရင် ကံကောင်းမယ့် အချစ်တွေနဲ့
တစ်နေ့နေ့ မင်းရင်ထဲ ထာဝရပဲ အိပ်စက်ချင်တယ်

လွမ်းရစ်ခဲ့ပေါ့နော် လုံးဝမဖြစ်လို့ စွဲလန်းခြင်းအောက်
မင်းအရိပ်များစွာ အနိုင်ယူတတ်တုန်းပဲ
ဝေဒနာတွေအကုန် ဆုံးရှုံးရင် ကံကောင်းမယ့် အပြုံးတွေနဲ့
တစ်နေ့နေ့ မင်းရင်ထဲ ထာဝရပဲ မှေးစက်ချင်တယ်။

မင်းနဲ့ ချစ်နေရတာ ကံအကောင်းဆုံး/ ကံကောင်းတယ်
ကိုယ့်ဘ၀ မင်းလက်ထဲကို နှင်းအပ်လို့ နေမယ်နေမယ်
တို့နှစ်ယောက်တည်း မင်းနဲ့ ချစ်နေခွင့်သာ
အမက်မောဆုံး ဆုတစ်ဆုပဲ

မာတိကာ သို့ .....