ထွက်ပြေးသူ

အချိန်တွေဟာ အကုန်လွယ် နေ့တိုင်းလို ငါဘာမှ မတတ်နိုင်ပါ
မျှော်နေသူတစ်ယောက်ဆီ မင်းလည်းရောက်မလာ
နာရီသံမှန်မှန် ပြန်ကြားနေ ဘ၀ကို စိတ်မှန်းလွမ်းနေမိ
အရင်လိုစောင့်မျှော် တို့နှစ်ယောက်ဘ၀ဟောင်း

ကြုံလာတဲ့ အန္တရာယ်ကို တို့ အတူစောင့်ကြည့်တဲ့ အခိုက်မှာ
ဝေးသောအရပ်သို့ နှုတ်မဆက်ဘဲ ထွက်ပြေးသူ
ငါတစ်ယောက်တည်းမနေချင်ပါ ပြောတောင် မင်းလေးမကြားတော့နိုင်
ဝေးသောအရပ်သို့ နှုတ်မဆက်ဘဲ ထွက်ပြေးသူ

ဘယ်အထိအောင် ထွက်ပြေးမယ် အချစ်ရေ ပြောပြခဲ့ပါဦး
ရင်ကို နာကျင်လောက်အောင်မလုပ်နဲ့
တစ်ချိန်မှာ ပြန်တွေ့ဦးမယ် ဘ၀ဟာ လှည့်ပတ်လို့နေတယ်
ရင်မှာ နာကျင်သွားဦး မင်းကို ငါခွင့်လွှတ်မယ်

အဝေးထွက်ပြေးသူ အိုး မင်းကိုချစ်တယ် အို ပြန်ခဲ့အချစ်ရယ်

မင်းထွက်ပြေးတယ် အဝေးကို မင်းထွက်ပြေးတယ်
ချစ်သူအဝေးထွက်ပြေးတယ် ဘယ်ထွက်ပြေးသလဲ
ငါ့အတွက်ပြန်ဆုံရန် အဖြေရှိတယ် တို့တစ်နေ့မှာ ပြန်တွေ့မယ်
ငါ့ရဲ့ အချစ်စိတ်တွေ မင်းလေးဆီမှာ သွားပါသွား
လမ်းဆုံးရင် မင်းလေးပြန်လာ မိုးတွေစဲတော့ တွေ့စို့ လှပမှုထဲ
လမ်းဆုံးတော့ပြန်လာတော့လေ ပြန်ခဲ့ချစ်သူ
ရေး ရေး ပြန်ခဲ့ချစ်သူ ချစ်သူ ချစ်သူ မေ့မရ

မာတိကာ သို့ .....