ပျောက်ဆုံးခြင်း

နှလုံးသား ကုန်းမြင့်တစ်ခုပေါ် တည်ဆောက်ခဲ့
ပျော်စရာ ဇာတ်သိမ်းခန်း မရောက်ခင် အချစ်အိမ်ငယ်လေးလည်း
မင်းမရှိတော့ အကုန်ပြိုလဲခဲ့ ငတ်မွတ်ရင်းနဲ့ တို့ အတူကြွယ်ဝခဲ့
လိမ္မာရင်းလည်း တို့အတူ မိုက်မဲခဲ့ /
လိမ္မာရင်းလည်း တို့နှစ်ယောက် အမြဲအတူ မိုက်မဲခဲ့ အတိတ်နေ့များ

ငါ့ဘ၀ အရာရာ မင်းပဲလို့ ကိုးကွယ် ငါ့ဘ၀ ပုံအပ်ခြင်းများလည်း မင်းပဲ
အသည်းကွဲ ပုံပြင်ဟောင်းတစ်ပုဒ် အခု ငါ့ရဲ့ လက်ထဲ

အချစ်ရေ့ ကိုယ့်အနား မင်းမရှိတိုင်း
အသက်မဲ့သွား ခိုလှုံနိုင်စရာ မင်းမရှိတော့
အချစ်ရေ့ အချိန်တွေတိုင်းပဲ ကြေကွဲ
ဖေးမတော့ ကူညီပါကွယ် ရှေ့ဆက်ဖို့
အသက်ရှိလည်း ငါသေနေပြီ အိပ်မက်တယ်

မာတိကာ သို့ .....