လွတ်လပ်ရေးပဒေသာ

(လွတ်လပ်ခဲ့တဲ့ တို့တိုင်း တို့ပြည် စံဌာနီ မြန်စွာညီညာမှုကြောင့် ပြည်ထောင်စုကို အတည်ပြုခဲ့ပါသည် ရှမ်း ချင်း ကရင်နဲ့ ကချင်ရော မွန်ရော အတည် (ညီညွတ်သည်)၂ မြန်မာပြည်ဘွား တိုင်းရင်းသားစုံညီ)၂ လွတ်လပ်တဲ့ မြန်မာပြည် ကြာရှည်ခိုင်အောင်အတည် ကြိုးပမ်းကာ ထမ်းရွက်စို့ တို့တာဝန် ကိုယ်စီ တို့ဗိုလ်ချုပ်ရဲ့ လမ်းစဉ်များကို မေ့အပ်ပါသည် တို့တိုင်းရင်းသား အကုန်ပင်ညီ လွတ်လပ်ကြလို့ အလံလွှင့်လို့သာ အထူးဖြန့်ချီ မီးရှူးတိုင်ကဲ့သို့ ခိုင်မြဲစွာ တည်ကြည် စည်းရုံးလို့ညီ တို့ပြည် တို့နိုင်ငံအသစ်ထူမည်….

(သံပြိုင်) (အောင်ပွဲများ ဆင်နွှဲသည် လွတ်လပ်တဲ့ တို့ပြည် တစ်ကမ္ဘာလုံးက ချီးကျူးကြလို့ သခင်ဘ၀ဘက်ကို ကူးပြီး)၂ သွေးနဲ့ရင်း ချွေးနဲ့ရင်း အသက်နဲ့ရင်းခဲ့တဲ့ တို့များ ခေါင်းဆောင်ကြီးတွေကိုရည် တို့တိုင်းတို့ပြည် မြန်မာနိုင်ငံတော် အလံလွှင့်လို့ထူမည်…..။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။