ရွှေနှင်းဆီ


ရေး - ရွှေဂုန်မောင်
ဆို - မအေးမိ

ပန်းတကာတွင် ဘယ်ပန်းမွှေးသည် (နှင်းဆီ) ၂ လေယူရာသွေး မွှေးပါသည် ပွင့်ချိန်တန်တော့ ချူလှည့်ပါအတည် .. ရွှေ .. ရွှေနှင်းဆီ …

(မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ မိုင်ဒါလင်ဆွီတီ .. ခင်ခင်ပျိုမဒီ နှင်းဆီခက်ကို လက်လှမ်းကာယူမည်) ၂

(သွေးကာချီ သွေးကာချီ ဖူးပွင့်ငုံဝေစည်) ၂ ထုံလေညွတ်တော့ ဆွတ်ဖို့ရည် မှုန်ရွှေဝတ်နှင့် ရွှေနှင်းဆီ ရွှေနှင်းဆီ အေးမြ အေးကြည်ကြည် …

[ (ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ … ကိုကိုချူလှည့်အတည်) ၂ .. မာလာပွင့်နေပြီ .. ဝတ်မှုန်ရည် (ယိမ်းကာ နွဲ့နေသည်) ၂ .. ရွှေနှင်းဆီ ..] ၂ …

[ မာလာဖူးတံချီ (တော်ဝင်သည်) ၂ .. ပန်းမြတ်ဘုရင်မို့ ထုံရနံ့ကြည် ] ၂ .. ဖူးစာဖက်ကို မျှော်ရသည် ပျိုမေတစ်ကိုယ်ရေ အကိုရေ လာပါအတည် စောင့်ရသည် [ (ပွေခင်း) ၂ သူပလီ သူပလီ (ရွှေနှင်း) ၂ ဆီ ] ၂ .. (နေခြည်) ၃ ထိုးရှာပြီ (ညှိုးပြီ) ၂ ခပ်မြန်မြန် ဆွတ်ပါအတည် …

ဖူးပွင့်ငုံဝေ … … ရွှေနှင်းဆီ

(ပျိုမေ ခင်မဒီ ခိုင်ပွင့်ဝေစည်) ၂ ပန်းတကာ့ထိပ်ခေါင် (ပွင့်နေပြီ) ၂ ဖူးစာဖက်က ဆွတ်ဖို့ရည် ခုခါမှာ ပျိုမဒီ အနေဝေး အခူးခက်ပြီ (ရွှေ ငွေ ရွှေနှင်းဆီ) ၂ သြော် နန်းတွင်းသုံးမို့ မွှေးပျံ့ကြည် .. (တော်ဝင်ပါပေ သည်) ၂ မေပျိုတစ်ပါး ညွတ်ခဲ့ပြီ .. လာခူးလှည့်ကြပါအတည် ဝေဝေစည် …

ဖူးပွင့်ငုံဝေ … … ရွှေနှင်းဆီ ။